Positively Yours (2026)
7.4
Price - 1000Ks
မြန်မာစာတန်းထိုး
Episode 1 - 12
Memory – 10 GB
Runtime : 69 minutes
Video Format : 1080 P
Genres : Comedy Series, Family Series, Drama Series,

Trailer

ဖြစ်ရပ်မှန် မှုခင်းမှတ်တမ်းရုပ်ရှင်တွေ ကြည့်ရတာကြိုက်တဲ့သူတွေအတွက် မကြာသေးခင်ကမှ Hulu နဲ့ Disney+ တို့မှာ ထွက်ရှိထားတဲ့ "The Scream Murder" ဆိုတဲ့ (၃) ပိုင်းပါ Documentary စီးရီးလေးနဲ့ မိတ်ဆက်ပေးချင် ပါတယ်။
ဒီစီးရီးဟာ ၂၀၀၆ ခုနှစ်က အမေရိကန်နိုင်ငံ၊ အိုင်ဒါဟိုပြည်နယ်မှာ တကယ်ဖြစ်ပွားခဲ့ပြီး အားလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ အသက် (၁၆) နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေး ကတ်စီ ဂျို စတော့ဒတ် အသတ်ခံရမှု အကြောင်းကို အသေးစိတ် ပြန်လည်ရိုက်ကူး တင်ဆက်ထားတာပါ။
ကတ်စီဟာ အဒေါ်ဖြစ်သူတို့ ခရီးသွားတုန်း အိမ်စောင့်၊ ခွေးလေးတွေထိန်းပေးရင်း အိမ်ကြီးထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့ပါတယ်။ အဲဒီညမှာပဲ သူမဟာ ရက်ရက်စက်စက် ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခံလိုက်ရ ပါတယ်။ တိတ်ဆိတ်အေးချမ်းနေတဲ့ ရပ်ကွက်လေးမှာ ဒီလိုရက်စက်တဲ့ လူသတ်မှုကြီး ဖြစ်ပွားခဲ့တဲ့အတွက် ရဲတွေရော ဒေသခံတွေပါ အံ့ဩထိတ်လန့်ခဲ့ရပါတယ်။
ဒီအမှုရဲ့ အဆိုးရွားဆုံးနဲ့ ပဟေဠိအဆန်ဆုံး အချက်ကတော့ ပြစ်မှုကျူးလွန်ထားတဲ့ ပုံစံဟာ နာမည်ကြီး ဟောလီးဝုဒ် ဟော်ရာရုပ်ရှင်ဖြစ်တဲ့ "Scream" ဇာတ်ကားထဲက လူသတ်မှုတွေနဲ့ တစ်ထပ်တည်းကျနေတာပါပဲ။ ရဲတွေက ဒါဟာ အပြင်က လူစိမ်းတစ်ယောက်ယောက် ဝင်ရောက်ကျူးလွန်သွားတာလား၊ ဒါမှမဟုတ် ကတ်စီကိုသိနေတဲ့သူ တစ်ယောက်ယောက်ကပဲ တမင်ရည်ရွယ်ပြီး သတ်ဖြတ်သွားတာလား ဆိုတာကို အသည်းအသန် စုံစမ်းကြပါ တော့တယ်။ အမှုစစ်ဆေးရင်းနဲ့ ရဲတွေဟာ ထိတ်လန့်စရာကောင်းတဲ့ သက်သေအထောက်အထား ဗီဒီယိုခွေတစ်ခုကို ရှာဖွေတွေ့ရှိသွားချိန်မှာတော့ အမှုရဲ့ လားရာက လုံးဝကို ပြောင်းလဲသွားပါတော့တယ်။
ဒီ Documentary စီးရီးက ရဲတွေရဲ့ အမှုစစ်ဆေးပုံ အဆင့်ဆင့်၊ အခင်းဖြစ်ပွားရာ နေရာက အထောက်အထားတွေနဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေကို ကြည့်ရှုရမှာဖြစ်လို့ မှုခင်းစုံထောက်ကားတွေ ကြိုက်တတ်သူ တိုင်း လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။ တကယ့်အပြင်လောကက လူ့စိတ်တွေဟာ ရုပ်ရှင်တွေထက်တောင် ပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကို အဆုံးထိမြင်တွေ့ရမှာ အသေအချာပါပဲ။

Post
Choi Jin-hyuk
Post
Oh Yeon-Seo
Post
Hong Jong-hyun
Post
Kim Da-som
Post
Son Byung-ho
Post
Kim Sun-kyung
Post
Baek Eun-hae
Post
Kim Soo-jin
Post
Kim Ki-doo
Post
Jeong Soo-young
Post
Jang Yeo-bin
Post
Ryu Tae-ho

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top