The Divorce Insurance (2025)
6.5
Price - 1000Ks
မြန်မာစာတန်းထိုး
Episode 1 - 12
Memory – 9 GB
Runtime : 66 minutes
Video Format : 1080 P
Genres : Drama Series, Comedy Series,

Trailer

ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ကားအသစ်လေးကတော့ Lee Dong-Wook, Lee Kwang-Soo, Lee Da-Hee နဲ့ Lee Joo-Bin တို့ပါဝင်ထားတဲ့ Rom-com ကားလေးပဲ ဖြစ်ပါတယ်။ ထူးထူးခြားခြား Lee မျိုးနွယ် ၄ ယောက် ခေါင်းဆောင်ပါထားတဲ့ ဒီဟာသကားလေးထဲမှာ သူတို့ ၄ ယောက်က ဘယ်လိုမျိုး အတွဲညီညီ သရုပ်ဆောင်ထားမလဲဆိုတာ စောင့်ကြည့်ကြရမှာပါ။
နိုဂီဂျွန်း (Lee Dong-Wook) က အာမခံကုမ္ပဏီတစ်ခုရဲ့ ထုတ်ကုန် ဖွံ့ဖြိုးရေးအဖွဲ့မှာ အလုပ်လုပ်သူပါ။ ထူးချွန်တဲ့အရည်အချင်းတွေနဲ့ ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ပေမဲ့ ၃ခါ လက်ထပ်ပြီး ၃ ခါတိတိ ကွာရှင်းထားသူလည်း ဖြစ်ပါတယ်။ အဲဒီကွာရှင်းမှုတွေကြောင့် သူက စိတ်ရောလူပါ နွမ်းနယ်ပြီး ငွေကုန် လူပင်ပန်းဖြစ်ခဲ့ရတာမို့ အဲဒီအတွေ့အကြုံတွေကို အသုံးချပြီး ကွာရှင်းမှုအာမခံဆိုတာကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့တယ်။ သူ့ရဲ့ကွာရှင်းမှုအာမခံအဖွဲ့ကို ဂန်ဟန်ဒူးလ် (Lee Joo-Bin), အန်ဂျောင်မန် (Lee Kwang-Soo) နဲ့ ဂျောင်နာရယ် (Lee Da-Hee) တို့က ဝင်ရောက်လာခဲ့ပြီးတော့ အဖွဲ့ဝင် အသီးသီးမှာလည်း အတိတ်ကိုယ်စီနဲ့ အကြောင်းအရင်းမျိုး စုံ ရှိနေကြတာပါ။ ဒီလိုနဲ့ သူတို့တွေ ပူးပေါင်းပြီး ကွာရှင်းမှုအာမခံဆိုတာကို လူသိများ အောင်မြင်အောင် လုပ်နိုင်ကြမလား၊ ဒါမှမဟုတ် အသီးသီးရဲ့ မတူညီတဲ့ နောက်ခံတွေကြောင့် အဖွဲ့ပဲ ပျက်စီးကိန်းဆိုက်သွားမလားဆိုတာ ကိုတော့ ဟာသနှောပြီး တင်ဆက်ပေးသွားမှာဖြစ်လို့ အတူတူ စောင့်ကြည့်လိုက်ရအောင်ပါ။

Post
Lee Dong-wook
Post
Lee Kwang-soo
Post
Lee Ju-bin
Post
Lee Da-hee
Post
Exy
Post
You Hyun-soo
Post
Kim Won-hae
Post
Jo Jae-yun
Post
Choi Seo-yoon
Post
Jeong Ga-hee
Post
Cho Bo-ah
Post
Kwon Hae-sung
Post
Jeong Sun-mi

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top