Unfamiliar (2026)
6.9
Price - 600Ks
မြန်မာစာတန်းထိုး
Episode 1 - 6
Memory – 4 GB
Runtime : 50 minutes
Video Format : 1080 P
Genres : Action & Adventure Series, Drama Series, Crime Series,

Trailer

ဇာတ်လမ်းက Simon နဲ့ Meret ဆိုတဲ့ လင်မယားနှစ်ယောက်အကြောင်းပါ။ သူတို့က အပြင်ပန်းကြည့်ရင်တော့ ဘာလင်မြို့မှာ သမီးလေး Nina နဲ့အတူ အေးအေးဆေးဆေး နေထိုင်နေကြတဲ့ မိသားစုလေးပေါ့။ တကယ်တမ်းကျတော့ သူတို့နှစ်ယောက်လုံးက BND လို့ခေါ်တဲ့ ဂျာမန်ထောက်လှမ်းရေးအဖွဲ့က အေးဂျင့်ဟောင်းတွေပါ။ သူတို့အလုပ်က Safe House လို့ခေါ်တဲ့ လျှို့ဝှက်ရိပ်သာတစ်ခုကို ဦးစီးပြီး ဒုက္ခရောက်နေတဲ့ သူလျှိုတွေကို လက်ခံပေးရတာ။

ပြဿနာက သူတို့ ဖုံးကွယ်ထားတဲ့ အတိတ်ဆိုးကြီးက ပြန်ပေါ်လာတဲ့အချိန်မှာ စတာပါပဲ။ လွန်ခဲ့တဲ့ ၁၆ နှစ်က ကိစ္စတစ်ခုကြောင့် သူတို့နေတဲ့နေရာ ပေါ်သွားပြီး မိသားစုလိုက် ထွက်ပြေးရတော့တယ်။ သူတို့နောက်ကို ရုရှားအေးဂျင့်တွေ၊ လူ-တ်သမားတွေသာမကဘဲ သူတို့ အရင်လုပ်ခဲ့တဲ့ BND အဖွဲ့ကပါ လိုက်ဖမ်းကြတာ။ ရန်သူတွေ ဝိုင်းနေတဲ့ကြားထဲကမှ ကိုယ့်လင်မယားအချင်းချင်းကြားမှာလည်း လျှို့ဝှက်ချက်တွေ ရှိနေတော့ ဘယ်သူ့ကို ယုံရမှန်းမသိ ဖြစ်လာရော။

 ဒီကားက ရိုးရိုး Spy Action တွေလို ပစ်တာခတ်တာ သက်သက်မဟုတ်ဘဲ မိသားစု Drama လေးပါ ရောထားတယ်။ ကိုယ့်အတိတ်က အပြစ်တွေက ကိုယ့်ကလေးအပေါ် ဘယ်လိုသက်ရောက်နိုင်လဲဆိုတာကိုပါ ပြထားတာပေါ့။ "The Night Manager" တို့လို ကားမျိုးကို ကြိုက်တယ်ဆိုရင် ဒီကားကိုလည်း သဘောကျလောက်တယ်။

Action ခန်းတွေလည်း မိုက်သလို ဇာတ်လမ်းသွားကလည်း မြန်တော့ ပျင်းဖို့ကောင်းမှာ မဟုတ်ပါဘူး။ ဇာတ်သိမ်းပိုင်းကတော့ ကြည့်တဲ့သူအကြိုက် ကွဲနိုင်ပေမဲ့ Spy Thriller ကောင်းကောင်းတစ်ကား ကြည့်ချင်ရင်တော့ စမ်းကြည့်သင့်တဲ့ စီးရီးလေးပါ။

Post
Felix Kramer
Post
Susanne Wolff
Post
Samuel Finzi
Post
Natalia Belitski
Post
Andreas Pietschmann
Post
Maja Bons
Post
Genija Rykova
Post
Henry Hübchen

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top