Narco Mennonites (2026)
8.3
Price - 300Ks
မြန်မာစာတန်းထိုး
Episode 1 - 3
Memory – 2 GB
Runtime : 45 minutes
Video Format : 1080 P
Genres : Documentary Series,

Trailer

မန်နွန်နိုက်ဆိုတာ ပရိုတက်စတင့်ခရစ်ယာန်ကနေ ခွဲထွက်လာတဲ့ ခရစ်ယာန်ဂိုဏ်းကွဲတစ်ခုပါ။ မန်နွန်နိုက်ဆိုတဲ့စကားလုံးကိုကြားလိုက်ရရင် အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့လိုနိုင်ငံတွေရဲ့ သာမန်ပြည်သူတွေစိတ်ထဲမှာ မော် ဒန်ကမ္ဘာကြီးနဲ့ဝေးရာမှာနေထိုင်ကြတဲ့ ဘုရားကြောက်ကြတဲ့ ဥပဒေနဲ့အညီနေထိုင်ကြတဲ့ မဆဲဆိုတတ်ကြတဲ့ ဘုရားကျောင်းတက် အလုပ်ကြိုးကြိုးစားစားလုပ်ပြီး ဘဝကိုအေးချမ်းစွာ နေထိုင်ကြတဲ့ လူ့အသိုင်းအဝိုင်းငယ်လေး တစ်ခုကို တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါတွေရဲ့နောက်ကွယ်မှာ ခြောက်ခြားစရာကောင်းလှတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်နေခဲ့ပါတယ်...။
ဒီဇာတ်လမ်းကတော့ Narco Mennonites ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲ မန်နွန်နိုက်ခရစ်ယာန်တွေ မူးယစ်ဆေးတွေ တစ်နိုင်ငံထဲကနေ တစ်နိုင်ငံကို ကူးသန်းရောင်းဝယ်ကြတဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတဲ့ Crime/ Documentary အမျိုးအစား ဇာတ်လမ်းတစ်ခုပါ။
အထက်မှာဖော်ပြခဲ့သလို အေးဆေးနေတတ်ကြတဲ့ မန်နွန်နိုက်တွေက ဘယ်သူမှထင်မထားလောက်အောင် မူးယစ်ဆေးလုပ်ငန်းကို အကြီးအကျယ်လုပ်လာကြပြီး မက္ကဆီကို ကာတယ်ဂိုဏ်းတွေနဲ့ပါ ချိတ်ဆက်ပြီး အကြမ်းဖက် မှုတွေ နယ်မြေလုပွဲတွေအထိပါ ဖြစ်လာတဲ့အကြောင်းတွေကို တကယ်ကြုံတွေ့ခဲ့ရတဲ့ ဂျာနယ်လစ်တွေ အေးဂျင့်တွေ ရဲအရာရှိတွေကို အင်တာဗျူးမေးမြန်းပြီး တင်ဆက်ရိုက်ကူးထားတဲ့ပုံစံမလို့ အတော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။

Post
Sherry Fynbo

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top