အင်ဂျင်နီယာကျောင်းတက်ပြီး ကယ်လီဖိုးနီးယားက ကုမ္ပဏီတစ်ခုမှ အလုပ်ဝင်နေတဲ့ ကာတစ်ရှာမာက
မိဘနှစ်ဦးရဲ့ အချစ်တော်လေး ငုံထားမတတ်ချစ်ကြတဲ့ တစ်ဦးတည်းသော သားလေးပေါ့ ခွင့်ရလို မိဘအိမ်ပြန်လာတိုင်း
အဖေကိုယ်တိုင် သူကြိုက်တာလေးတွေ အစုံချက်ထားတတ်တာပေါ့ သားနဲ့အတူ နိုင်ငံခြားမှာလိုက်နေဖို ဗီဇာတွေလုပ် ပင်စင်တွေတင်ပြီးမှ
သားဖြစ်သူက အလုပ်ထွက်ပြီးပြန်လာခဲ့ပါတယ် သူရည်မှန်းထားတဲ့ နိုင်ငံတော်ကို ကာကွယ်ဖိုအလုပ်ပေါ့
ဒီဘက်ကိုတွေးမိတာရဲ့ အဓိကအကြောင်းအရင်းကတော့ ကာတစ်တို သူငယ်ချင်းတစ်စု ခရီးထွက်ကြပြီး ဟိုတယ်တစ်ခုမှ
တည်းနေကြတုန်း ဘယ်သူတွေမှန်းမသိရတဲ့လူတစ်စုက ဟိုတယ်ထဲထိဝင်လာပြီး ခရီးသွားတွေပါကိုဖမ်းထားပြီး အန္တရာယ်ပေးပါတော့တယ်
ဘဝရဲ့နောက်ဆုံးနေ့လိုတွေးထားကြတဲ့ ကာတစ်တို သူငယ်ချင်းတစ်စုကို နောက်ဆုံးလာကယ်တာကတော့
ယူနီဖောင်းဝတ်ထားတဲ့ စစ်သားကြီးတွေပါပဲ မျှော်လင့်ချက်ရောင်ခြည်ဖြစ်လာတဲ့ ဒီယူနီဖောင်းကို ၂၄ နာရီ စိတ်ထဲတွေးမိနေလို
နောက်ဆုံး ဆုံးဖြတ်ချက်ချပြီး နိုင်ငံတော်ကို ကာကွယ်ဖိုတပ်ဖွဲထဲ ဝင်ဖို ဇာတ်လမ်းဖြစ်တည်လာတာပါ
ကိုယ်ကြိုက်တဲ့လမ်းကို မိဘတွေကို အတိုက်အခံလုပ်ပြီး ရွေးပြီးကာမှ အမည်မသိလူတစ်စုရဲ့ ဖမ်းဆီးခြင်းကို
ခံလိုက်ရပြီး ဖမ်းဆီးရမိသူတွေထဲ သူနဲ့အတူ သူ့ဖခင်ကြီးပါ ပါလာတဲ့အခါမှာတော့...။ ဒီအခက်အခဲတွေကနေ
ဘယ်လိုရုန်းထွက်ကြမလဲ သူ့အဖေကိုရော ကယ်တင်နိုင်မှာလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်