Arabia Kadali (2025)
6.2
Price - 800Ks
မြန်မာစာတန်းထိုး
Episode 1 - 8
Memory – 7 GB
Runtime : 44 minutes
Video Format : 1080 P
Genres : Drama Series,

Trailer

ကျွန်တော့်နာမည်က ဘာဒီရီ။ အတန်းပညာတစ်ခုထိ တက်ခဲ့ပေမဲ့ တံငါရွာမှာကြီးပြင်းခဲ့သူဆိုတော့
တံငါအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုရင်း အမေနဲ့ညီမကို လုပ်ကျွေးနေခဲ့တာပေါ့။

ကျွန်တော်တို့ရွာနဲ့ ဘေးရွာက တံငါရွာတွေချင်းအတူတူ တစောင်းစေးနဲ့မျက်ချေးဆိုသလို
တွေ့တာနဲ့ရန်စောင်နေကြတာ။ ကျွန်တော်ကတော့ တတ်နိုင်သမျှရှောင်တယ်။ ကျွန်တော်ငယ်စဉ်ကတည်းက

ချစ်ရတဲ့ ဂန်ဂါဆိုတဲ့ အမျိုးသမီးလေးက အဲဒီရွာကကိုးဗျ။

ကျွန်တော်တို့ရွာတွေက ပင်လယ်ကြီးဘေးမှာဆိုပေမဲ့ ဆိပ်ခံတံတားမရှိတာရော လှေကောင်းကောင်းမတတ်နိုင်ကြတာရောနဲ့
အနားက ပင်လယ်ကြီးဆီ ငါးဖမ်းမထွက်နိုင်ကြ။

ဒီတော့ ဆန်ဂါရိုလ်လို့ခေါ်တဲ့ ဆိပ်ကမ်းဆီကို ရထားတတန် ကားတတန်နဲ့ သွားပြီး အလုပ်လုပ်ကြရတယ်။

ကျွန်တော်ငါးဖမ်းထွက်တိုင်း ချစ်သူဂန်ဂါလေးနဲ့ တွေ့နေကြနေရာလေးမှာ ချိန်းတွေ့တဲ့အစဉ်အလာလေးတစ်ခုရှိတယ်။
ဒါပေမဲ့ ဒီတစ်ခါ ကျွန်တော်သွားတာက ချစ်သူနဲ့နောက်ဆုံးတွေ့ခဲ့ရခြင်းဆိုတာကို ကျွန်တော်ကြိုမသိခဲ့မိဘူး။

ဆန်ဂါရိုလ်ဆိပ်ကမ်းဆီ ငါးဖမ်းစက်လှေနဲ့လိုက်မဲ့ ကျွန်တော်တို့အုပ်စုတွေ ကံဆိုးမိုးမှောင်ကျပြီး

ပါကစ္စတန်ထောင်ထဲကို ရောက်သွားခဲ့ရာက ကျွန်တော်တို့ဘ၀တွေ 
ဘယ်သောင်နားလို့ ဘယ်ကမ်းကပ်မလဲဆိုတာကိုတော့ကျွန်တော် မမှန်းဆနိုင်တော့ပါဘူး။

Post
Satyadev Kancharana
Post
Anandhi
Post
Harsh Roshan
Post
Vamsi Krishna
Post
Chintakindi Srinivas Rao
Post
Bhuvan Saluru

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top