Victoria Beckham (2025)
6.4
Price - 300Ks
မြန်မာစာတန်းထိုး
Episode 1 - 3
Memory – 2 GB
Runtime : 40 minutes
Video Format : 1080 P
Genres : Documentary Series,

Trailer

၂ဝ၂၃ မှာ ကမ္ဘာတစ်ဝှမ်း လူကြိုက်များခဲ့တဲ့ "Beckham" Documentary ရုပ်ရှင်မှာ ပရိသတ်တွေ ပိုချစ်ခဲ့ရတဲ့ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ Documentary Series ထွက်ရှိလာပါပြီ။ ဒီစီးရီးမှာတော့ ဇာတ်လမ်းရဲ့ ဘုရင်မက ဗစ် တိုးရီးယားဘက်ခမ်း ကိုယ်တိုင်ဖြစ်ပြီး၊ ကမ္ဘာကျော် Spice Girls အဖွဲ့ဝင် "Posh Spice" ဘဝကနေ အောင်မြင်တဲ့ ဖက်ရှင်ဘုရင်မတစ်ဦးအဖြစ် ဘယ်လိုပြောင်းလဲရပ်တည်ခဲ့သလဲဆိုတာကို အသေးစိတ်တင်ဆက်ထားပါတယ်။ အပိုင်းသုံးပိုင်းပါတဲ့ ဒီ Documentary Series မှာ Posh Spice" ဆိုတဲ့ ပေါ့ပ်စတားဘဝရဲ့ နောက်ကွယ်က ခံစားချက်တွေ၊ ကြိုးစားမှုတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားပြီး လူတွေသိတဲ့ ခပ်တင်းတင်း၊ ခပ်မာမာ ပုံစံ နောက်ကွယ်က သူ့ရဲ့ တကယ့်စိတ်ရင်းအမှန်ကို မြင်တွေ့ရမှာပါ။ ဒေးဗစ်ဘက်ခမ်းနဲ့ လက်ထပ်ပြီးနောက်မှာတော့ “ဘောလုံးသမားရဲ့ဇနီး (WAG)" ဆိုတဲ့ အမြင်တွေနဲ့ သတ်မှတ်ခံရပြီး စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ခဲ့ရပုံတွေကို လည်း စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။
ဒီလိုအမြင်တွေကို ရိုက်ချိုးပြီး သူရဲ့ကိုယ်ပိုင် brand ကို တည်ထောင်ဖို့ ကြိုးစားတဲ့အခါမှာလည်း "သူက ပေါ့ပ်စတားပဲ၊ ဘာများတတ်လို့လဲ" ဆိုတဲ့ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီစိန်ခေါ်မှုတွေကြားကနေ Victoria Beckham ဆိုတဲ့ Brand ကို ကမ္ဘာ့ဖက်ရှင်လောကရဲ့ ထိပ်တန်းစာရင်းဝင်ဖြစ်အောင် ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာကို Vogue မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် Anna Wintour၊ နာမည်ကြီးဒီဇိုင်နာ Tom Ford နဲ့ Donatella Versace တို့လို ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တွေရဲ့ သုံးသပ်ချက်တွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝကိုသာမက၊ လူသိနည်းတဲ့ ကိုယ်ရေးကိုယ်တာဘဝကိုလည်း မီးမောင်းထိုးပြထားပါတယ်။ "Beckham" Documentary မှာ လူပြောများခဲ့တဲ့ “အဖေ့ရဲ့ကားက Rolls-Royce" ဆိုတဲ့ စကားလိုပဲ၊ ဒီစီးရီးမှာလည်း သူ့ရဲ့ငယ်ဘဝ၊ ကျောင်းတုန်းက "လူရာမဝင်တဲ့ကလေး" ဖြစ်ခဲ့တဲ့အကြောင်းတွေနဲ့ မိသားစုဘဝအကြောင်းတွေကို ရိုးသားစွာ တင်ပြထားတာကြောင့် ပရိသတ်တွေအတွက် အံ့အားသင့်စရာ ဖြစ်စေ မှာပါ။
ဒါကြောင့်မို့လို့ ဒီ Documentary Series ဟာ ဗစ်တိုးရီးယားဘက်ခမ်းနဲ့ ဘက်ခမ်းမိသားစုကို ချစ်တဲ့ ပရိသတ်တွေအတွက်သာမက၊ ဖက်ရှင်ကို စိတ်ဝင်စားပြီး ကိုယ်ပိုင် brand တစ်ခု တည်ထောင်လိုသူတွေ၊ အမျိုးသမီးတစ် ယောက်ရဲ့ ကြံ့ခိုင်မှု၊ ရုန်းကန်ကြိုးစားမှုနဲ့ အောင်မြင်မှုဇာတ်လမ်းတွေကို ကြည့်ရှုလိုသူတွေအားလုံးအတွက် အကောင်းဆုံး Documentary Series တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ ဘဝခရီးလမ်းက အားအင်တွေနဲ့ အတွေးသစ်အမြင် သစ်တွေ ရရှိစေမှာဖြစ်ပါတယ်။

Post
Victoria Beckham
Post
David Beckham
Post
Harper Beckham
Post
Romeo Beckham
Post
Donatella Versace
Post
Emma Bunton
Post
Geri Halliwell-Horner
Post
Mel B
Post
Melanie C
Post
Tom Ford
Post
Eva Longoria
Post
Juergen Teller
Post
Roland Mouret
Post
Marc Jacobs

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top