သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုကြိုက်နှစ်သက်သူတွေအဖို့ Horror, Mystery အမျိုးအစား ကိုးရီးယားသရဲကားလေးထွက်ရှိလာပြန်ပါပြီ။
ဇာတ်လမ်းအကျဉ်းကတော့ သရဲခြောက်တဲ့အိမ်တွေကိုသွားပြီး သဲထိတ်ရင်ဖိုချယ်နယ်တွေကို ဖန်တီးနေတဲ့လူငယ်တစ်စု။ သူတို့ထဲကတစ်ယောက်ဟာ စွန့်ပစ်ထားတဲ့အဆောက်အဦးပျက်မှာ Live လွှင့်ရင်းပျောက်သွားတာကို လုပ်ဇာတ်လို့ ပြောနေကြတဲ့လူတွေရှိသလို သရဲကြောင့်တစ်ခုခုဖြစ်သွားတယ်လို့ ကောလဟာဟတွေအများကြီးထွက်နေပါတယ်။ ဒီလိုနဲ့ သူတို့အဖွဲ့ဟာ အဲဒီအဆောက်အဦးပျက်ကြီးကိုသွားပြီး လုပ်ဇာတ်ကြီးလား တကယ်ပဲ တစ်ခုခုဖြစ်သွားတာလားဆို တာ ဖော်ထုတ်ဖို့ရောက်သွားခဲ့ကြပါတယ်။ အဲဒီတော့ သူတို့ထင်ထားသလိုမျိုးလုပ်ဇာတ်ကြီးဖြစ်နေမလား ထင်မှတ်မထားတဲ့အရာတွေနဲ့ကြုံတွေ့ရမလားဆိုတာကို အဲဒီအဆောက်အဦးပျက်ကြီးထဲမှာ ကိုယ်တိုင်ရောက်နေသလို ခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။

Post
Kim Jun-hyung
Post
Kim Mo-beom
Post
Kwon Min-hyuk
Post
Lee Pu-reum
Post
Shim So-young

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top