ဘယ်မင်ထယ် (Ha Jung-Woo) က ယခင်က ဂန်းစတားဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ဆောက်လုပ်ရေးလုပ်သားအဖြစ်

လုပ်ကိုင်နေသူပါ။ တစ်နေ့မှာ မင်ထယ် ညဘက်အိပ်နေတုန်း ညီဖြစ်သူဆော့ထယ်က ဖုန်းဆက်လာခဲ့ပေမဲ့ မင်ထယ်က

မကိုင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဆော့ထယ်နဲ့ အတော်ကြာအဆက်အသွယ်မရဘဲ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့

ဆော့ထယ်ကို သွေးရာတွေအပြည့်နဲ့ အလောင်းအဖြစ်နဲ့ပဲ ပြန်တွေ့လိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဆော့ထယ်နဲ့

အတူနေထိုင်နေသူဖြစ်တဲ့ ချာမွန်းယောင်း (Yoo Da-In) လည်း ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။

ဒါကြောင့် မင်ထယ်လည်း ညီဖြစ်သူကို သတ်တဲ့ လူသတ်သမားကို သိရဖို့အတွက် သဲလွန်စတွေ လိုက်စုံစမ်းရင်း

စာရေးဆရာ ဂန်ဟိုယောင်း (Kim Nam-Gil) ရဲ့ ရောင်းအားအကောင်းဆုံး  "ညခရီး"ဆိုတဲ့ ဝတ္ထုစာအုပ်နဲ့

ဆက်စပ်နေမှန်း သိလိုက်ရပါတယ်။ ဒါ့အပြင် ထူးဆန်းတဲ့နောက်တစ်ချက်က ချာမွန်းယောင်းမပျောက်ခင်

နောက်ဆုံး  ဖုန်းဆက်ထားတဲ့သူက ဂန်ဟိုယောင်းဖြစ်နေတဲ့အခါမှာတော့...

ဆော့ထယ်သေဆုံးမှုရဲ့ နောက်ကွယ်က အဓိကတရားခံက ဘယ်သူဖြစ်မလဲ...

ဂန်ဟိုယောင်းရဲ့ ဝတ္ထုနဲ့ရော ဘယ်လိုဆက်စပ်နေတာဖြစ်မလဲ...

မွန်းယောင်းကလည်း ဘာလို့ ပျောက်ဆုံးသွားသလဲဆိုတာကို ဘယ်မင်ထယ်နဲ့အတူ အဖြေရှာကြည့်ရင်း

ပဟေဠိဆန်ဆန် ကြည့်ရှုရမဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။

Post
Ha Jung-woo
Post
Kim Nam-gil
Post
Yoo Da-in
Post
Jeong Man-sik
Post
Im Sung-jae
Post
Heo Sung-tae
Post
Lee Sul
Post
Kim Chan-hyung
Post
Jang Jun-nyeong
Post
Park Jong-hwan
Post
Cha Rae-hyung
Post
Seo Hyun-woo
Post
Jeong Jae-kwang
Post
Seo Hye-rin
Post
Kim Min-sang
Post
Cha Mi-kyeong
Post
Ryu Sung-hyun
Post
Kim Mi-hwa
Post
Yang Heung-ju

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top