ကလိုဗာဟာ သူမရဲ့ သူငယ်ချင်းလေးယောက်ဖြစ်တဲ့ မက်စ်၊ မီဂန်၊ အေ့ဘ်၊ နီနာတို့နဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။

အကြောင်းအရင်းကတော့ ကလိုဗာ့အမေ ဆုံးသွားတာ မကြာသေးတဲ့အပြင် ကလိုဗာ့အစ်မ မယ်လနီကလည်း နယူးရော့ခ်ကို ကျောင်းတက်ဖို့ဆိုပြီး သွားလိုက်တာ ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင်ရယ်၊ စိတ်ဖြတ်နိုင်အောင်ရယ် ကားတစ်စီးနဲ့ ထွက်လာကြတာပါ။

ဒါပေမဲ့ သူတို့ငါးယောက်သား ခရီးထွက်လာတယ်ဆိုတာထက် ကလိုဗာ့စိတ်တိုင်းကျ သူ့အစ်မသွားခဲ့တဲ့လမ်းအတိုင်း ခြေရာကောက်လာတာပါ။ ဒီလိုကနေ ဂလိုရယ်တောင်ကြားဆိုတဲ့ မြို့အဝင်နားလေးက ဓာတ်ဆီဆိုင်ကို ရောက်လာခဲ့ပါတယ်။

ကလိုဗာက ဓာတ်ဆီဆိုင်ပိုင်ရှင်ကို လူပျောက်တွေ့သေးလား မေးရင်းကနေ ဂလိုရယ်တောင်ကြားဆိုတဲ့မြို့မှာ လူတွေခဏခဏပျောက်ကြောင်း၊ လူပျောက်ပြီးရင် ပြန်ပေါ်မလာတော့ကြောင်း ပြောရာကနေ သူ့အစ်မလည်း အဲမှာ ပျောက်သွားတာများလားလို့ တွေးမိတဲ့အတွက် သူငယ်ချင်းတွေကိုပြောပြပြီး အဲမြို့ကို မောင်းလာပါတော့တယ်။

ဒါပေမဲ့ လမ်းမှာ မိုးတွေအသည်းအသန်ရွာလာပြီး ကားမောင်းလာရင်းကနေ အိမ်တစ်အိမ်ကိုရောက်သွားပြီး မိုးချုပ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကိုယ်တိုင်သာ ကြည့်လိုက်ကြပါတော့ဗျာ။

Post
Ella Rubin
Post
Maia Mitchell
Post
Peter Stormare
Post
Michael Cimino
Post
Odessa A'zion
Post
Ji-young Yoo
Post
Belmont Cameli
Post
Zsófia Temesvári
Post
Tibor Szauerwein
Post
Lotta Losten
Post
Mariann Hermányi
Post
Willem van der Vegt
Post
Ádám Bot
Post
Ádám Kocsis
Post
Adrienn Mész
Post
Ádám Zambryzcki
Post
Boglárka Heim
Post
David F. Sandberg

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top