ဒုတိယကမ္ဘာစစ်၊ ဂျပန်က အရှေ့တောင်အာရှရဲ့ နေရာအတော်များများကို သိမ်းထားပြီးချိန်။

ဘတအန်းတိုက်ပွဲလို့ခေါ်တဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်တွေက တစ်ဖက်၊ ဂျပန်ကတစ်ဖက် တိုက်ခိုက်နေချိန်၊

 စစ်ပွဲအရှိန် အမြင့်မားဆုံးကာလ ဖြစ်တယ်။ 

တော်ဝင်ဗြိတိသျှလေတပ်က တပ်စုတစ်ခု ကျွန်းဆွယ်နားကို ချဉ်းကပ်လာချိန် ပစ်ချခံလိုက်ရတဲ့အတွက်

 လေတပ်အရာရှိတစ်ဦးဖြစ်သူ ဂျိမ်းစ်ရိုက်ဆိုသူကလွဲပြီး သူနဲ့အတူပျံသန်းလာတဲ့ လေယာဉ်တွေအကုန် 

ပင်လယ်ထဲပျက်ကျခဲ့တယ်။ 

သူတစ်ယောက်တည်းကသာ ကျွန်းပေါ်ကို ရောက်အောင်ကူးလာနိုင်ခဲ့တယ်။ 

ကျွန်းပေါ်ရောက်ရောက်ချင်းပဲ ဂျပန်တွေဖမ်းဆီးတာကို ခံလိုက်ရပြီး စစ်သုံ့ပန်းဖြစ်လာခဲ့တယ်။ 

ကိုယ်ခံပညာနဲ့ပတ်သက်လို့ အတော်လေးတတ်ကျွမ်းတဲ့ ‘ရိုက်’ကို စခန်းကွန်မန်ဒါက သူ့လက်အောက်က

ထူးချွန်တဲ့တိုက်ခိုက်ရေးသမားတွေနဲ့ နေ့စဉ်နဲ့အမျှ တိုက်ခိုက်ခိုင်းတယ်။ 

ရိုက်က ထွက်ပြေးမယ်လို့ ကြံပြန်တော့ အရင်ကတည်းက ဖမ်းခံထားရတဲ့ အမေရိကန်စစ်သားတွေက

ပြေးရမယ့်လမ်းကိုပြတယ်။ 

ထွက်ပြေးတာကပြဿနာ မဟုတ်ဘူး။ 

ပြဿနာက စခန်းရဲ့ပတ်ပတ်လည်က တောအုပ်ပဲရှိနေတဲ့အတွက် စခန်းထဲကို ပြန်အဝင်မှာ ဖမ်းခံရမယ်၊ အဲဒီအခါ 

သေမင်းစစ်ချီခရီးကို ချီတက်ရမယ်။ 

မြောက်ပိုင်းမှာရှိတဲ့ စခန်းကိုပို့ခံရလိမ့်မယ်ပေါ့။ ခရီးကကြမ်းလွန်းတာမှ ဖိလစ်ပိုင်သုံ့ပန်းတွေနဲ့ အမေရိကန်

သုံ့ပန်းတွေ လမ်းမှာတင် အတုံးအရုံးသေကြရတယ်။ 

ဒီတော့ လေတပ်အရာရှိ ဂျိမ်းစ်ရိုက် စခန်းကနေ လွတ်အောင် ဘယ်လိုပြေးမလဲ။ အမေရိကန်စစ်သုံ့ပန်းတွေကို

တစ်ဦးတည်းသောဗြိတိသျှစစ်သုံ့ပန်းက ဦးဆောင်ပြီး ကယ်ထုတ်ပေးနိုင်မလား။ 

သူတို့တွေ သေမင်းစစ်ချီခရီးကို ချီတက်ရမလား။

ဒီရုပ်ရှင်ကို မင်းသား Scott Adkins က ကိုယ်တိုင်ရေး ကိုယ်တိုင်ဝင်ကြမ်းပေးထားတာ ဖြစ်ပါတယ်။

Post
Scott Adkins
Post
Peter Shinkoda
Post
Michael Copon
Post
Donald Cerrone
Post
Michael Rene Walton
Post
Gary Cairns
Post
Shane Kosugi
Post
Masanori Mimoto
Post
Gabbi Garcia
Post
Sol Eugenio
Post
Fitim Krasniqi

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top